Saturday 17 December 2011

သနားလိုက်တာ ဥစ္စာစောင့်မလေးရယ်


တခါက  မြို့နဲ့မနီးမဝေးလေးတစ်ရွာမှာ အကြွေးအလွန်ယူတဲ့မောင်မောင်ဆိုတဲ့ ကောင်းလေးတစ်ယောက်ရှိတယ်။
သူ့အိမ်ရဲ့ရှေ့ကဈေးဆိုင်မှာလဲ အကြွေး။
ရွာနောက်ဖျားက ကုန်ဆုံဆိုင်မှာလဲ အကြွေး။
အိမ်နီးချင်းတွေဆီယူသုံးထားတဲ့ အကြွေးကလဲ မရေတွက်နိုင်တော့ဘူး။
ဒီတော့ သူ့ကို ရွာသူ-ရွာသားတွေက သူ့နာမည်ကိုမခေါ်တော့ဘူး။
ကိုအကြွေးလို့ပဲခေါ်တော့တယ်။
တစ်ခါမှာတော့ရွာမှာ ဘုရားပွဲရှိလို့ဆိုပြီး မြို့တက်
ဈေးသွားဝယ်တော့တာပေါ့။
ကိုအကြွေးဈေးသွားဝယ်တော့လဲ ငွေအရင်းနှီးကနဲနေတော့
ဈေးသည်ပိုင်ရှင်ဆီမှာ သူက ညောင်ပင်သာရွာကဖြစ်တဲ့အကြောင်း၊သူ့နာမည်မှာမောင်မောင်ဖြစ်တဲ့ အကြောင်း။ ရွာမှာဘုရားပွဲရှိလို့ ဈေးလာဝယ်တဲ့အကြောင်း၊ အခုငွေအများကြီးမပါလို့ အကြွေးပေးဖို့ရန် အဘော်အာရင်းသန်သန်နဲ့ပြောတော့တာပေါ့။
ဒီတော့ ဆိုင်ပိုင်ရှင်ကလဲ ယုံကြည်ပြီးပေးလိုက်တော့တယ်။
နောက်တော့ အကြွေးဆပ်ချိန်ရောက်လဲ အကြွေးလာမဆပ်တော့ ဈေးသည်ပိုင်ရှင်ကိုယ်တိုင်လာတောင်းရတော့တယ်။
ကိုမောင်မောင်တို့ အိမ် ဘယ်နားကသွားရတာလဲ လမ်းညွှန်ပေးပါလို့ ရွာသားတစ်ယောက်ကိုပြောတော့
ဘယ်..ကိုမောင်လဲ၊ ကိုအကြွေးကိုပြောတားလား?ဆိုတော့
ဈေးသည်မျက်လုံးနဲနဲပြူးသွားတယ်။ ကိုမောင်မောင်နာမည်က ကိုအကြွေးတဲ့လား။
ဟုတ်တယ်ဗျ…… ကျုပ်တို့ရွာမှာ ကိုအကြွေးလို့ခေါ်တယ်။
ဘာဖြစ်လို့ ကိုအကြွေးလို့ခေါ်တာလဲဗျ ဆိုတော့
မပြောင်ချင်ပါဘူးဗျာ… ဟိုမှာလဲအကြွေး၊ ဒီမှာလဲအကြွေးနဲ့၊
 ကြာတော့ ရွာမှာ ကိုမောင်နာမည်ပြောက်ပြီး
ကိုအကြွေးလို့ တွင်တော့တယ်တာပဲဗျာ လို့ပြောလိုက်တော့
ဘယ်လောက်အထိများအကြွေးယူလို့လဲဗျာ
ဈေးသည်က ဆက်မေးလိုက်တော့….
မပြောချင်ပါဘူးဗျာ … သူ့ကိုစောင့်ရှောက်နေတဲ့ ဥစ္စာစောင့်မလေးတောင် ပြည့်တန်ဆာဖြစ်နေပြီဗျ……လို့ပြောလိုက်ပါတော့သည်။
လူတိုင်းပြုံးနိုင်ကြပါစေ။………….

No comments:

Post a Comment