Wednesday 14 December 2011

သံသရာအဆုံးထိ




     ရိုးသားစွာ ကြိုးစားနေတဲ့သူကို
ဆင်းရဲလိုဆိုပြီး နှိမ့်ချ။
မာနတွေတက်နေတာ ကောင်းရဲ့လား။
မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ကရုဏာ(သနားခြင်း)တရား။
ဘယ်မှာများ အသုံးချနေသလဲ....။

     ဂုဏ်ရည်တူ ဒို့နှစ်ယောက်
သူသာတယ်၊ငါသာတယ်ဆိုပြီး ပြိုင်ဆိုင်၊
ငြူစူခြင်းဣဿာတွေဝင်နေတာ ကောင်းရဲ့လား၊
မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မေတ္တာ(ချစ်ခင်ခြင်း)တရား၊
ဘယ်မှာများ အသုံးချနေသလဲ.....။

      ကိုယ့်ထက်သာတာ ၀မ်းသာမှာပေါ့။
အခုတော့ ဒီလိုမဟုတ်....။
ငုတ်တုတ်ထိုင်ပြီး အတင်းတုတ်နေတာ ကောင်းရဲ့လား။
မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မုဒိတာ(၀မ်းမြောက်ခြင်း)တရား
ဘယ်မှာများ အသုံးချနေသလဲ.....

     ပစ္စုပ္ပုန်၊သံသရာလှပစေဖို
ရုပ်လှဖို့ထက် စိတ်လှဖို့က အရေးကြီးကြောင်း
ရှင်တော်ဗုဒ္ဓမိန့်ကြားခဲ့တာ အားလုံးသတိရမှာပေါ့။
ဒါ့ကြောင့်..... ရုပ်ကိုလည်းအလှဆင်
စိတ်ကိုလည်း အလှပြင်ပြီး
သံသရာအဆုံးထိ ခရီးဆက်ကြပါစို့......။

1 comment:

  1. လိုက်နာဖို့ကောင်းတဲ့ အကြံပေးချက်တွေပါ၊ ဆက်လက်စွမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်၊ ချင်းတွင်းမောင်ကြီး လောကအတွက်ဆထက်တိုး ဆောင်ရွက်နိုင်ပါစေလို့......

    ReplyDelete