Saturday 10 December 2011

                                               ကမ္ဘာကြီးနှင့် ငါးပါးသီလ

ကမ္ဘာမြေပြင်၌နေထိုင်ကြသူလူအပေါင်းတို့သည် ကမ္ဘာကြီးပျက်စီးသွားမည်ကို ကြောက်လန့်နေကြ၏။ သိပ္ပံ ပညာထွန်းကားလာသည်နှင့်အမျှကမ္ဘာကြီးကိုအစိပ်စိပ်အမွှာအမွှာကြေအောင်ခြေဖျက် နိုင်သော  နျူးကလီး ယားလက်နက်များ ထုပ်လုပ်ပိုင်ဆိုင်ထားကြ၏။ ထိုနျူးကလီးယား လက်နက်များ ပိုင်ဆိုင်ထားသူတို့သည် ကမ္ဘာကြီးငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ကြပါမည်လော။ ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြီး နာမ်(စိတ်)ပိုင်းဆိုင်ရာ မတိုးတက်လျှင် ကမ္ဘာပြေ၌နေထိုင်သူတို့သည် အမှန်တကယ်ငြိမ်းချမ်းပြီး ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်နိုင် ကြမည်လော။ စဉ်းစားဖို့ကောင်း၏။ အမှန်တကယ် ငြိမ်းချမ်းပြီး ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုလို လျှင် နျူးကလီးယားလက်နက်များ ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ အဓိကမကျပေ။ အဓိကကြ သည်မှာ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုထက် နာမ်(စိတ်)ပိုင်းဆိုင်ရာတိုးတက်အောင် လူတိုင်း လူတိုင်း  ဆောင်ရွက်လုပ်ကိုင်ကြလျှင် ကမ္ဘာကြီးသည် အမှန်တကယ်ငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော ဌာနကြီးတစ်ခုဖြစ်နေမည်မှာ သေချာပေသည်။
      ဒါ့ကြောင့် ကမ္ဘာကြီးငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းအောင် ဗုဒ္ဓဘာသာတစ်ဦးအနေဖြင့် သုံးသပ်တင်ပြလိုသည်။
မြတ်ဗုဒ္ဓသည် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုထက် နာမ်(စိတ်)ပိုင်းဆိုင်ရာ တိုးတက်ရေးကို အလေးပေးဟောကြားခဲ့သည်။ ယခုသိပ္ပံ ခေတ်ကြီးကား နာမ်စိတ်ပိုင်းဆိုင်ရာတိုးတက်ရေးထက် ရုပ်ပိုင်းဆိုင်ရာများ ပိုမိုတိုးတက်လာခဲ့သည်။ ထို့ကြောင့် အချို့နိုင်ငံများတွင် ကမ္ဘာကြီးကို ခြိမ်းခြောက်နိုင်သည့် လက်နက်များပိုင်ဆိုင်ထားကြခြင်းဖြစ်သည်။
ကမ္ဘာမြေ၌နေထိုင်ကြသော လူသားတိုင်းသည်
၁။ သူ့အသက်သက်ခြင်းမှ ရှောင်လျှင်
၂။ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်လျှင်
၃။ သူတစ်ပါး၏ သားသမီး မယားတို့ကို မတရားပြုခြင်းမှရှောင်လျှင်
၎။ လိမ်ညာပြောခြင်းမှ ရှောင်လျှင်
၅။ အရက်သေစာ ဘိန်း၊ မူးယစ်ဆေးစသည်တို့ သုံးစွဲခြင်းမှရှောင်လျှင်
ကမ္ဘာကြီးတွင် ခိုးဆိုး တိုက်ခိုက် သတ်ဖြတ်မှုများနည်းပါးမည်။ မုဒိန်းအမှု၊ ရန်ဖြစ်မှုစသည့် ဒုစရိုက်အမှုများ ပပျောက်မည်ဖြစ်သည်။ ဤကဲ့သို့ဖြစ်လာလျှင် ကမ္ဘာကြီးနှင့် ကမ္ဘာမြေ၌နေထိုင်သူတို့သည် ငြိမ်းချမ်းပြီး သာယာပျော်ရွှင်သောဘ၀ကို မုချပိုင်ဆိုင်နိုင်ကြပေမည်။
ထိုကဲ့သို့ ငါးပါးသီလကို လူသားလိုက်နာကျင့်သုံးကြမည်ဆိုလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မက်ဖြစ်ပွားစရာလည်းမလိုပေ။ ကမ္ဘာကြီးငြိမ်းချမ်း၏။
အိမ်ခြံတံခါးတို့ကိုး သော့ခတ်ထားစရာအကြောင်းမရှိ။ လုံခြုံ၏။
အမျိုးသမီးများလည်း ဘေးအန္တရာယ်မရှိ၍ ပျော်စရာကောင်း၏။
လိမ်ညာလှည့်ပတ်ခြင်းကင်း၍ အမှန်တရားကိုသာ သိရခြင်းကြောင့် စိတ်ချမ်းသာ၏။
ထုံထိုင်းတွေဝေမှုမရှိခြင်းကြောင့် အမှားနည်း၍အမှန်ကိုမြင်နိုင်၏။
ဤကဲ့သို့ ငြိမ်းချမ်းခြင်း၊လုံခြုံခြင်း၊ပျော်စရာကောင်းခြင်း၊ စိတ်ချမ်းသာခြင်း၊အမှန်ကိုသိနိုင်ခြင်းတို့ ရရှိနိုင်ခြင်းကြောင့် ငါးပါးသီလကို တစ်ယောက်မှတစ်ရွာ၊ တစ်ရွာမှတစ်မြို့၊ တစ်မြို့မှတစ်နိုင်ငံ၊ တစ်နိုင်ငံမှသည် တစ်ကမ္ဘာလုံးသို့ ကျင့်ကြံလိုက်နာကြမည်ဆိုလျှင် ကမ္ဘာကြီးသည် ငြိမ်းချမ်း သာယာပြီး ပျော်ရွှင်ဖွယ်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
                                            ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ..........။
                                                                                          forever တွင် ဖော်ပြပြီး)

No comments:

Post a Comment