Thursday 15 December 2011

ကြိုလင့်နေပါ



     မေ့ချစ်သား သားဇာနည်
ရည်မှန်းချက်တွေ ကိုယ်စီရှိလို့
သားတော်မောင် ထွက်ခွါသွားပေမဲ့
ရင်မအေးရဘူးလေ...။

      ဒါပေမဲ့ မသွားလို့မပြီး
အရှည်ကြီးလျှောက်ရမယ့် ဒီခရီးမှာ
သွားသတိ၊စားသတိနဲ့
အရာရာကိုသတိနဲ့နေပါ သားတော်...။

        ဒီမိခင် မာတာကတော့
အနေဝေးပေမဲ့ အဝေးမနေပါဘူး
အေးမြတဲ့မိဘမေတ္တာ
လွှမ်းခြုံထားဆဲပါ သားတော်တဲ့...။

      မိခင်ထံမှ မှာကြားလိုက်တဲ ဒီစကား
နားထဲကမထွက်ပါဘူး
ပညာစုံလို့ သားတော်မောင်ပြန်လာရင်
အပြုံးပန်းတွေနဲ့ ကြိုလင့်နေပါတော့အမေ........။

No comments:

Post a Comment